Back to learning
Mindset Vitamins Jun 10, 2026

ဈေးပေါတဲ့စက်ရုပ်တစ်ရုပ်လို ခံစားနေရတဲ့ နေ့ရက်တွေအတွက်

တခါတလေ ကိုယ့်ကိုယ်ကို စက်ရုပ်တစ်ရုပ်လိုပဲ ပင်ပန်းမှုတွေကြားမှာ ဆက်လှုပ်ရှားနေရတတ်တယ်။ ဒါပေမယ့် ကိုယ်ပင်ပန်းနေတာက ကိုယ်တန်ဖိုးနည်းသွားတာ မဟုတ်ဘူး။ ဒီ Mindset Vitamin လေးက ကိုယ့်တန်ဖိုးကို ပြန်မြင်နိုင်ဖို့ နူးညံ့တဲ့ ဖြေဆေးတစ်ခွက်ပါ။

ဈေးပေါတဲ့စက်ရုပ်တစ်ရုပ်လို ခံစားနေရတဲ့ နေ့ရက်တွေအတွက်
တစ်ချို့နေ့တွေမှာ ကိုယ့်ကိုယ်ကို လူတစ်ယောက်လို မဟုတ်ဘဲ စက်ရုပ်တစ်ရုပ်လို ခံစားရတတ်တယ် ... နာရီတွေ၊ နေ့စွဲတွေ၊ တာဝန်တွေ၊ မပြီးဆုံးနိုင်တဲ့ လမ်းကြောင်းတွေကြားမှာ ကိုယ်က ဆက်လျှောက်နေတယ်။ ရပ်ချင်ပေမယ့် ရပ်လို့မရသလို၊ ပြောချင်ပေမယ့် ပြောဖို့စကားမရှိသလို၊ အတွင်းထဲမှာ ပင်ပန်းနေပေမယ့် အပြင်မှာတော့ ဘာမှမဖြစ်သလို ပြုံးနေရတဲ့နေ့တွေရှိတယ် ... တခါတလေ ကိုယ့်ဘဝရဲ့တန်ဖိုးကိုတောင် ကိုယ်ပြန်မမြင်နိုင်တော့တဲ့အချိန်တွေရှိတယ် ... “ငါလုံလောက်ရဲ့လား?” “ငါ့ကြိုးစားမှုတွေက တန်ဖိုးရှိရဲ့လား?” “ငါ့ဘဝက အဖိုးထိုက်သေးရဲ့လား?” အဲဒီမေးခွန်းတွေက တိတ်တိတ်လေး စိတ်ထဲဝင်လာတတ်တယ်။ ဒါပေမယ့် အမှန်တရားတစ်ခုက — ကိုယ့်ကိုယ်ကို တန်ဖိုးနည်းတယ်လို့ ခံစားရတာနဲ့ ကိုယ်တကယ်တန်ဖိုးနည်းသွားတာ မဟုတ်ဘူး ... ပင်ပန်းနေရတာက အားနည်းတာမဟုတ်ဘူး ... စိတ်ပျက်နေရတာက အပြစ်မဟုတ်ဘူး ... ခဏလောက် ရပ်ချင်နေတာက လက်လျှော့တာမဟုတ်ဘူး ... တခါတလေ ကိုယ်ဟာ စက်ရုပ်တစ်ရုပ်လိုပဲ ပြန်နိုးထရတတ်တယ် ... သံပတ်တွေ လျော့နေတဲ့အခါ ပြန်တင်းရတယ်။ ခြေလှမ်းတွေ ယိုင်နဲ့နေတဲ့အခါတောင် နောက်ထပ်တစ်လှမ်းကို ဖြည်းဖြည်းချင်း ဆက်လျှောက်ရတယ် ... အရေးကြီးတာက ကိုယ်ဘယ်လောက်မြန်မြန် ပြန်ထနိုင်လဲ မဟုတ်ဘူး ... ကိုယ်ပြန်ထဖို့ ကြိုးစားနေတယ်ဆိုတာပဲ အရေးကြီးတာ ... ဒီနေ့ ကိုယ့်ကိုယ်ကို ဈေးပေါတဲ့စက်ရုပ်တစ်ရုပ်လို ခံစားနေရရင်တောင် မမေ့ပါနဲ့ ... ကိုယ့်ရဲ့တန်ဖိုးကို ဘယ်ပင်ပန်းမှုကမှ မသတ်မှတ်နိုင်ဘူး ... ကိုယ့်ရဲ့ ဒဏ်ရာအနာတရတွေက ကိုယ့်ကို အဖိုးမထိုက်သူ မဖြစ်စေဘူး ... ကိုယ်ကျရှုံးခဲ့တဲ့နေရာတွေက ကိုယ်မအောင်မြင်ဘူးလို့ မဆိုလိုဘူး ... တခါတလေ ဘဝက ကိုယ့်ကို အသုံးချခံရတဲ့အရာတစ်ခုလို ခံစားစေတတ်တယ်။ ဒါပေမယ့် ကိုယ်ဟာ အသုံးအဆောင်မဟုတ်ဘူး။ ကိုယ်ဟာ အသက်ရှိတဲ့လူတစ်ယောက်။ နာကျင်နိုင်တဲ့လူတစ်ယောက် ... ပြန်နိုးထနိုင်တဲ့လူတစ်ယောက် ... ဒီနေ့အတွက် reminder လေး .... ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ မြင်လာတဲ့အခါ “ငါတကယ်မလုံလောက်တာလား၊ ဒါမှမဟုတ် ငါ အရမ်းပင်ပန်းနေခဲ့တာလား” လို့ ပြန်မေးကြည့်ပါ။ ကိုယ့်တန်ဖိုးကို ဆုံးရှုံးသွားတာ မဟုတ်ဘူး ... တခါတလေ ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်ဖို့ အနားယူဖို့ပဲ လိုတာ ... Be gentle with yourself. You are still worth more than the world made you feel.

Need implementation help related to this topic?

Talk to Our Team

More Reading

Related Learning Posts

Continue exploring adjacent implementation topics.

Mindset Vitamins

သမုဒ္ဒယနဲ့ ချည်တဲ့နွယ်

မလွတ်မြောက်နိုင်ခြင်းရဲ့ အမည်သာမဟုတ်ဘူး ...မပြိုလဲအောင် အချင်းချင်း ဆက်နွယ်ထားပေးတဲ့ မေတ္တာရဲ့ အမည်လည်း ဖြစ်နိုင်ပါတယ်

Read article
Pharma Environment

Pharma Field Sales App ဆိုတာ ဘာလဲ? - MR/SR Workflow ကို Digital ပြောင်းသင့်တဲ့အကြောင်း

Pharma company တစ်ခုမှာ MR/SR အလုပ်လုပ်တယ်ဆိုတာ product မိတ်ဆက်တာတစ်ခုတည်းမဟုတ်ပါဘူး။ နေ့စဉ် doctor, clinic, pharmacy, hospital, distributor တွေနဲ့တွေ့ဆုံရတယ်။ Product အကြောင်းပြောရတယ်။ Follow-up ပြန်လုပ်ရတယ်။ Order request တွေမှတ်ရတယ်။ Supervisor ကို report ပေးရတယ်။ Company owner ကလည်း field activity ကိုအချိန်မီမြင်ချင်တယ်။ ဒီ workflow တွေကို notebook, Excel, Viber, phone note, screenshot, memory တွေနဲ့ပဲထိန်းနေရင် team ကြီးလာတဲ့အခါ data ပျောက်တာ၊ follow-up မေ့တာ၊ report မမှန်တာ၊ customer history မတိကျတာတွေဖြစ်လာနိုင်ပါတယ်။ Pharma Field Sales App ဆိုတာ ဒီလို field workflow တွေကို MR/SR, Supervisor, Company Owner အဆင့်အလိုက် စနစ်တကျ run နိုင်အောင်ကူညီပေးတဲ့ digital platform ဖြစ်ပါတယ်။

Read article
AI Art

AI ခေတ်မှာ ဂီတကို ဘယ်လို ‘Mastermind’ လုပ်မလဲ?

ChatGPT, Gemini .. စတဲ့ AI တွေကို ပုံလေးထုတ်ခိုင်းလိုက်၊ မသိတာလေး မေးလိုက် ၊ Prompt လေး လုပ်ခိုင်းလိုက် စသည်ဖြင့် သုံးတာများပေမယ့်.. ဒီနေ့တေ...

Read article