Back to services
Service Featured May 24, 2026

EduOps360 - Smart Academic Operations & Assessment Platform

ကျောင်းတစ်ခု၊ Institute တစ်ခု၊ University တစ်ခုကို တည်ဆောက်တယ်ဆိုတာ သင်တန်းခန်းတွေဖွင့်ပြီး ဆရာတွေခန့်ထားရုံနဲ့ မပြီးပါဘူး။ ကျောင်းသားတစ်ယောက် စတင်အပ်နှံတဲ့နေ့ကနေ သူ့ရဲ့ final record ထုတ်ပေးတဲ့နေ့အထိ ... အလယ်မှာ မမြင်ရတဲ့ academic operation တွေ အများကြီးရှိပါတယ်။ ဘယ် section ထဲထည့်မလဲ။ ဘယ် subject တွေယူမလဲ။ ဘယ်အချိန်မှာ ဘယ်ဆရာသင်မလဲ။ တက်ရောက်မှုမှတ်တမ်းက မှန်လား။ Assessment score တွေ ပြည့်စုံလား။ မိဘကို အချိန်မီအသိပေးပြီးပြီလား။ Transcript ထုတ်ပေးဖို့ academic record တကယ်ပြည့်စုံပြီလား။ ဒီမေးခွန်းတွေက သီးခြားကြည့်ရင် administrative work လေးတွေလို ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းတစ်ခုကြီးလာတဲ့အခါ ဒီအရာတွေဟာ institution ရဲ့ quality, trust, reputation ကို တိုက်ရိုက်သက်ရောက်လာပါတယ်။ EduOps360 ကို ဒီလိုနေရာအတွက် စဉ်းစားထားတာပါ။ ဒါက exam system တစ်ခုတည်းမဟုတ်ပါဘူး။ Student database တစ်ခုတည်းလည်းမဟုတ်ပါဘူး။ ကျောင်းတစ်ခုရဲ့ academic operation ကို enrollment ကနေ transcript အထိ တစ်ကြောင်းတည်း ချိတ်ဆက်ထိန်းနိုင်ဖို့ တည်ဆောက်ထားတဲ့ platform တစ်ခုပါ။

EduOps360 - Smart Academic Operations & Assessment Platform
ဘာကြောင့် ဒီလို system လိုလာတာလဲ ... ? ကျောင်းတစ်ခု student နည်းတဲ့အချိန်မှာ Excel နဲ့ ထိန်းလို့ရနိုင်ပါတယ်။ ဆရာနည်းတဲ့အချိန်မှာ timetable ကို လက်နဲ့ညှိလို့ရနိုင်ပါတယ်။ မိဘနည်းတဲ့အချိန်မှာ phone call နဲ့ follow-up လုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် student count တိုးလာတယ်။ Section တွေများလာတယ်။ Subject တွေများလာတယ်။ Teacher workload တွေရှုပ်လာတယ်။ Parent expectation မြင့်လာတယ်။ Official record တွေကို ပိုပြီးတိကျဖို့လိုလာတယ်။ အဲ့ဒီအချိန်မှာ system မရှိတဲ့ operation က တဖြည်းဖြည်း risk ဖြစ်လာပါတယ်။ Student တစ်ယောက် section ပြောင်းသွားပေမယ့် attendance list မပြောင်းသေးတာမျိုး၊ score တစ်ခု missing ဖြစ်နေတာကို result ထုတ်ခါနီးမှ သိတာမျိုး၊ parent ကို notice ပို့ပြီးသားဆိုပေမယ့် record မကျန်တာမျိုး၊ transcript ထုတ်ခါနီးမှ compliance မပြည့်စုံတာကိုတွေ့တာမျိုး — ဒါတွေက software issue လောက်မဟုတ်တော့ပါဘူး။ ဒါက institution တစ်ခုရဲ့ operational maturity နဲ့ဆိုင်လာပါတယ်။ EduOps360 က ဘာကို ပြောင်းလဲပေးသလဲ EduOps360 ရဲ့ အဓိကတန်ဖိုးက feature များတာမဟုတ်ပါဘူး။ ပိုအရေးကြီးတာက academic workflow တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးနိုင်တာပါ။ ကျောင်းသားတစ်ယောက် enroll လုပ်တယ်။ Section နဲ့ subject ချထားတယ်။ Timetable ထဲဝင်တယ်။ Attendance မှတ်တယ်။ Assessment score ထည့်တယ်။ Risk ရှိရင် teacher, admin, guardian communication team တွေ follow-up လုပ်တယ်။ နောက်ဆုံး academic requirement ပြည့်စုံလာတဲ့အခါ compliance စစ်ပြီး official record ထုတ်ပေးတယ်။ ဒီ flow တစ်ခုလုံးကို manual note တွေ၊ separate Excel တွေ၊ chat message တွေထဲမှာ ပြန့်ကျဲမနေဘဲ system တစ်ခုတည်းထဲမှာ မြင်နိုင်အောင်လုပ်တာ — ဒါက EduOps360 ရဲ့ heart ပါ။ Prestige ဆိုတာ ဒီနေရာမှာ ဘာလဲ ...? System တစ်ခုရဲ့ prestige ဆိုတာ UI လှတာတစ်ခုတည်းမဟုတ်ပါဘူး။ တကယ့် prestige က institution ကို ပိုယုံကြည်စိတ်ချရအောင်လုပ်နိုင်ခြင်းပါ။ Owner အနေနဲ့ ဘယ် section မှာ attendance risk တက်နေတယ်ဆိုတာ မြင်နိုင်တယ်။ Principal အနေနဲ့ score မပြည့်သေးတဲ့ class တွေကို ကြိုမြင်နိုင်တယ်။ Registrar အနေနဲ့ transcript ထုတ်မယ့် record တစ်ခုကို စနစ်တကျစစ်နိုင်တယ်။ Teacher အနေနဲ့ attendance, score, student risk ကို တာဝန်ကျရာအတိုင်း ဆောင်ရွက်နိုင်တယ်။ Guardian အနေနဲ့ notice တစ်ခုကို မှတ်တမ်းကျန်အောင် လက်ခံနိုင်တယ်။ Student အနေနဲ့ သူ့ academic journey ကို ပိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ ဒီလိုဖြစ်လာတဲ့အခါ system က tool တစ်ခုအဆင့်မှာ မရပ်တော့ပါဘူး။ ကျောင်းတစ်ခုရဲ့ working culture ကိုမြှင့်ပေးတဲ့ academic infrastructure ဖြစ်လာပါတယ်။ Automation ထက် Trust ကို ပိုအရေးကြီးတယ် ... EduOps360 ကို automation လုပ်ပေးတဲ့ software လို့ပဲ မမြင်စေချင်ပါဘူး။ Automation က အလုပ်မြန်စေနိုင်ပါတယ်။ ဒါပေမယ့် education sector မှာ မြန်တာထက် ပိုအရေးကြီးတာက ယုံကြည်စိတ်ချရခြင်း ပါ။ Attendance record မှန်ရမယ်။ Score ပြင်ဆင်မှုရှိရင် နောက်ကြောင်းပြန်စစ်နိုင်ရမယ်။ Parent communication မှာ evidence ရှိရမယ်။ Transcript ထုတ်မယ်ဆိုရင် academic record တကယ်ပြည့်စုံရမယ်။ Management decision တွေက guesswork မဟုတ်ဘဲ reliable information အပေါ် အခြေခံရမယ်။ ဒီအရာတွေ စနစ်တကျဖြစ်လာတဲ့အခါ institution ရဲ့ image က natural အနေနဲ့ တက်လာပါတယ်။ ယုံကြည်မှုရှိတဲ့ system က ယုံကြည်မှုရှိတဲ့ institution ကို တည်ဆောက်ပေးပါတယ်။ Final Thought ...!!! ကျောင်းတစ်ခုကို modern ဖြစ်စေချင်တယ်ဆိုရင် website တစ်ခုရှိရုံနဲ့ မလုံလောက်ပါဘူး။ Student database တစ်ခုရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ တကယ်အရေးကြီးတာက - ကျောင်းသားတစ်ယောက်ရဲ့ journey ကို ပထမဆုံး enrollment ကနေ official academic record ထုတ်ပေးတဲ့အထိ institution တစ်ခုလုံးက တစ်ကြောင်းတည်း မြင်နိုင်၊ ထိန်းနိုင်၊ တာဝန်ခံနိုင်ဖို့ပါ။ EduOps360 က အဲ့ဒီအတွက် တည်ဆောက်ထားတဲ့ platform ပါ။ From enrollment to transcript, EduOps360 helps academic institutions operate with clarity, confidence and trust...

Process 01

Requirement clarity and system context alignment.

Process 02

Implementation roadmap with practical milestones.

Process 03

Delivery and handoff with operational support.

Ready to discuss this service for your project?

Submit Inquiry

More Services

Related Service Options

Compare alternative or complementary service modules.

Featured

Zynem Shop Platform: သင့် Brand အတွက် Fully Customizable E-Commerce Solution

Zynem Shop သည် Small နှင့် Medium-sized Businesses အတွက် ပြုလုပ်ထားသော Fully Customizable E-Commerce Platform တစ်ခုဖြစ်သည်။ ယခု Platform ကို သင့်ရဲ့ Brand အလိုက် ပြောင်းလဲအသုံးပြုနိုင်ပြီး၊ Application Deployment ကိုလည်း Professional အဆင့်တွင် ပြုလုပ်ပေးပါသည်။

View details
Featured

Modern Clinic Management System in Myanmar | Faster Workflow, Better Patient Care

Run your clinic smarter with an all-in-one management system built for Myanmar healthcare. Streamline patient flow, simplify billing, and manage your clinic efficiently - even without internet.

View details
Featured

AI Workflow Setup Service (GIF Demo)

A sample published service using uploaded GIF media.

View details